
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးဆောင်၍ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို Video Conferencing System ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ နှစ်အလိုက် အမှန်ဝင်ရောက်မှု အခြေအနေ၊ မီးအာမခံထားရှိမှုနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ကုမ္ပဏီ (၁၆) ခုမှ ဒါရိုက်တာများနှင့် စက်ရုံတာဝန်ခံကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြပါသည်။