
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် အဝေးပြေးယာဉ် ရပ်နားစခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် အသားငါးစည်သွတ်ဘူး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းက မူလအတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံသည့် အရပ်ဒေသ ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန်တင်ပြခြင်းအပေါ် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါသည်။
