
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကော်မတီ ဉက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ အတည်ပြုမိန့် လျှောက်ထား လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ခြင်းနှင့် အခြား ကုမ္ပဏီများမှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ လျှောက်ထားလာခြင်းတို့အပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ ကြပါသည်။
အဆိုပါလုပ်ငန်းဆိုင်ရာတင်ပြချက်များအား အတည်ပြု ခွင့်ပြုပြီးပါက ပဲခူးတိုင်းဒေသ ကြီး အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆.၈ သန်း စီးဝင်လာမည်ဖြစ်ကာ အလုပ် အကိုင်အခွင့်အလမ်း ၁၀၀၀ ကျော် ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် ဒေသခံများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူကောင်းများ ရရှိလာမည်ဖြစ်ပါသည်။
