
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာစေရေးကို အထောက်အကူပြုနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီရင်းနှီး မြှုပ်နှံမှုကော်မတီတို့ ပူးပေါင်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းများ၊ ကျေးလက်ဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သမဝါယမ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များသို့ Investment Facilitation Toolkits 2022 မိတ်ဆက်ခြင်း နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်းသည့် အသိပညာမျှဝေဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ လုပ်ငန်းရှင်၊ ကုမ္ပဏီနှင့် သမဝါယမအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ( ၉၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် Investment Facilitation Toolkits 2022 ဆိုင်ရာ အကြောင်းအရာကို နေပြည်တော်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က မိတ်ဆက်ရှင်းလင်းခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လယ်ယာ ကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့် MyCO စနစ်အသုံးပြု၍ မှတ်ပုံတင်ခြင်း၊ ကုမ္ပဏီအချက်အလက်များ စိစစ်ခြင်းတို့နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် ဒေါ်ဝတ်ရည်ဖြိုးတို့က ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို နေ့လယ် ၁၃: ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြပါသည်။


