
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်သော ကော်မတီအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန်နှင့် ရင်းနှီး မြှုပ်နှံမှုများလွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ အီလက်ထရောနစ်တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှုစနစ် (DICA Online Solution -DOSo) အား ရှင်းလင်းတင်ပြခြင်းနှင့် ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းက မူလ အတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံသူအမည် ပြောင်းလဲပြင်ဆင်ခွင့်နှင့် မူလတည်ဆောက်မှု/ ပြင်ဆင်မှုကာလတိုးမြှင့် ခွင့်ပြုပါရန် တင်ပြလာခြင်း နှင့်စပ်လျဉ်း၍ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
