
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၂/၂၀၂၂ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဌ ဦးတင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဟိုတယ်နှင့် အပန်းဖြေစခန်းလုပ်ငန်း၊ သုံးဘီးမော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်များ ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် လက်အိတ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် ဆန်စပါး အခြေခံတန်ဖိုးမြှင့်ဆန် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့၏ မတည်ငွေရင်းပမာဏ တိုးမြှင့်ခြင်း နှင့် တည်ဆောက်ရေးကာလတိုးမြှင့်ခွင့် တင်ပြလာခြင်းတို့အား ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။
