
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါ သည်။
အဆိုပါအစည်းအဝေးတွင် ဟိုတယ်နှင့်အပန်းဖြေစခန်း တည်ဆောက်ပြီး ဝန်ဆောင်မှု ပေးခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့် မူလ တည်ဆောက်ရေး ကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
