
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနတို့က စီစဉ်ကျင်းပသည့် Startup India International Summit ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်က “Foundations of a Robust Startup Ecosystem” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ညွှန်ကြား ရေးမှူး ဒေါက်တာဝဏ္ဏအောင်က “Go to Market Strategy” ခေါင်းစဉ်ဖြင့် လည်းကောင်း စကားဝိုင်းဆွေးနွေးပွဲ၌ Panelists အများ အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲကို လူငယ်များ၏ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးစွမ်းဆောင်မှုကို အားပေး လှုံ့ဆော်ရန်၊ ဂေဟစနစ် စတင်ခြင်းနှင့် ပတ်သက်သော ဗဟုသုတများ ဖလှယ်ရန်၊ နိုင်ငံတကာ စျေးကွက် အခွင့်အလမ်းများမျှဝေရန်နှင့် အိန္ဒိယနိုင်ငံမှ တီထွင်ဆန်းသစ်မှုများကို ပြသရန်တို့ အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
ဆွေးနွေးပွဲသို့ အိနိ္ဒယနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက် ခဲ့ကြပါသည်။

