
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများ တိုးမြှင့်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က New Public Administration ခေါင်းစဉ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် “Virtual Meeting” ဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်ဆွေးနွေးခဲ့ကြပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများမှ အရာထမ်း စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ ပါသည်။

