
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည် နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်၊ ရွှေပြည်သာမြို့နယ် နှင့် လှိုင်သာယာမြို့နယ်တို့တွင် လုပ်ငန်း ဆောင်ရွက်လျက်ရှိသော Lucky Golden Dragon Trading Company Limited၊ New Way Industries Limited၊ United Ascent Travel Ware Co., Ltd. , United Ascent Corporation Ltd နှင့်် Win Win Myaing Family Co., Ltd. တို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့၊ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ်သည့် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်းပြီး video conferencing system အသုံးပြု၍ စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူး ဂရုပြု လိုက်နာရမည့် အချက်များ (Version 4.0 ၊ Version 4.1 ၊ Version 5.0) အား လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
