
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း Myanmar Investment Promotion Plan (MIPP) တွင် ပါဝင်သော အကြောင်းအရာများနှင့် ဗဟာဗျူဟာများကို လက်ရှိစီးပွားရေးအခြေ အနေများနှင့် ကိုက်ညီမှုရှိစေရန်အတွက် စီမံကိန်း ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Mr. Kazuo Mishima, Team Leader, JICA Project Team က “Revision Policy of MIPP” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က တာဝန်ရှိသူများ စုစုပေါင်း ၂၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

