
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ထားဝယ် ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ (၂) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်အပါအဝင် ကော်မတီ အဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု အတည်ပြုမိန့် လျှောက်ထားလာခြင်း နှင့် Dawei Unity Co., Ltd မှ ရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာ လွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အတည်ပြုမိန့်(၁)ခုကို ခွင့်ပြုခြင်းနှင့် တင်ပြလာသော ရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာလွှဲပြောင်းခြင်း အပေါ် ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။