
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(ဖေဖော်ဝါရီလ ၂၂ ရက်)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဉပဒေနှင့်အညီ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက်များကို လျှင်မြန်စွာခွင့်ပြုနိုင်ရေးအတွက် အဆိုပြုချက် စိစစ်ရေးအဖွဲ့ အစည်းအဝေး (၆/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်) တွင် Video Conferencing စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် မွေးမြူရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု ကို အဖွဲ့ဝင်များကဥပဒေနှင့် ကိုက်ညီစေရေး ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ အဆိုပြုချက် စိစစ်ရေး အဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသည့် ဌာန ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်