
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သည့်အဖွဲ့၏ စံချိန်စံညွှန်းမီလုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ရေးအတွက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အမှာစကားပြောကြားရာတွင် “JICA ၏ အထောက်အပံ့ဖြင့် ရေးဆွဲခဲ့သည့် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အဖွဲ့၏ စံချိန်စံညွှန်းမီလုပ်ထုံးလုပ်နည်းများ အတွဲ (၁) နှင့် (၂) တို့ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ စာရွက်စာတမ်းနှင့် အချိန်တို့ကို လျှော့ချသွားမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှု ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သည့်အဖွဲ့ဝင်ဌာနများ စုစုပေါင်း ၂၆ ဦးခန့် တက်ရောက်ခဲ့ပါ သည်။