
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ပါ ရင်းနှီးမြှုပ်နှံမှုအခန်း ကဏ္ဍနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ရန်ကုန်(ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတများပြည့်ဝစေရန်အတွက် မိမိတို့၏ အရည်အချင်းကို အစဉ်ဖြည့်ဆည်းနေရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက သဘောတူ စာချုပ်တွင် ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍနှင့် စပ်လျဉ်း၍ “Investment Chapter of Regional Comprehensive Economic Partnership-RCEP” ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

