
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
POSTED ON 29 NOVEMBER 2022

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သောကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျောက်မီးသွေးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစေ့မဲ့စပျစ်များ၊ နိုင်ငံတကာအဆင့်မီဝိုင်စပျစ် မျိုးများစိုက်ပျိုးခြင်း၊ ပျိုးဥယျာဉ်စိုက်ပျိုးခြင်း၊ ရောင်းချဖြန့်ဖြူးခြင်းနှင့် ဆက်နွယ်သောလုပ်ငန်း (၂) ခုတို့ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှ ၂၃ရက်နေ့အတွင်း သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

