
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
POSTED ON 16 NOVEMBER 2022

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင် (Myanmar Companies Online – MyCO) စနစ်အသုံးပြုပုံနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကုမ္ပဏီတည်ထောင်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကုမ္ပဏီတည်ထောင်ပြီးပါက လိုက်နာရမည့် စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးဟိန်းက (Myanmar Companies Online -MyCO) စနစ် အားအသုံးပြု၍ ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
