
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
POSTED ON 01 NOVEMBER 2022

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုအား အတည်ပြု ပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်း (၁) ခုအား အတည်ပြုမိန့်နှင့် ဆုံးဖြတ်ချက် မိတ္တူမှန် ထုတ်ပေးခြင်းနှင့် လုပ်ငန်း တည်ဆောက်မှု/ ပြင်ဆင်မှုကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာသောလုပ်ငန်း(၁)ခုကို အတည်ပြုပေးခြင်းတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။