
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတည်ပြုမိန့်ဖြင့် ယာဉ်ရပ်နားစခန်းတည်ဆောက်ခြင်းနှင့် ဆိုင်ခန်းများ တည်ဆောက် ငှားရမ်းရောင်းချခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် အဆင့်မြင့်ဟိုတယ် တည်ဆောက်ခြင်းလုပ်ငန်း တို့မှ တာဝန်ရှိသူများကို ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
