
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀)အပါအဝင်ရက်သတ္တပတ် အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် (၂/ ၂၀၂၀) အား ဖြန့်ဝေခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်၊ အတည် ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ ပြောကြားရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်း အဝေးအမှတ်စဉ် (၂/ ၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၃) ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၄၃၃.၈၀၃) သန်းကို ခွင့်ပြု/ အတည်ပြုပေးခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၁,၉၅၁)ဦးကို ဖန်တီး ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အတွင်းရေးမှူးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ဇန်နဝါရီလ (၂၄) ရက်နေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၂,၁၅၆.၂၀၅) သန်း ရှိပြီဖြစ်၍ ယခုဘဏ္ဍာနှစ်၏ ပထမလေးလအတွင်း အမေရိကန် ဒေါ်လာ (၂) ဘီလီယံကျော် ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာလည်း အမေရိကန်ဒေါ်လာ (၁၃၄.၄၆၉) သန်း အပါအဝင် ကျပ် (၇၄၈,၃၁၁.၀၆၁) သန်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများမှ သိရှိလိုသည်များကို မေးမြန်းကြပြီး မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်ပြီး အများဆုံး ရင်းနှီး မြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၂၇.၀၀%) ဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၁၅%) ဖြင့် လည်းကောင်း၊ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၁၄.၀၇%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။
အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ပြည်တွင်း ပြည်ပ သတင်းမီဒီယာ (၁၄)ခုမှ သတင်းထောက် (၁၆)ဦး တက်ရောက်ခဲ့ကြပြီး သတင်းမှတ်တမ်း ရယူခဲ့ကြပါသည်။