
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ဌာနရှိဝန်ထမ်းများအနေဖြင့် သတင်းရေးသားခြင်းနှင့် သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)၏ ဦးဆောင်မှု၊ GIZ (Myanmar)၏ ကူညီပံ့ပိုးမှုတို့ဖြင့် Key Aspects of Communication Training သင်တန်း ပို့ချပေးလျက်ရှိပါသည်။ အဆိုပါ သင်တန်းအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး DICA မှ သင်တန်းသား ၂၇ ဦးခန့် တက်ရောက်လျက်ရှိပါသည်။ သင်တန်း အစီအစဉ်များတွင် အခြေခံသတင်း ရေးသားနည်း၊ Public Relations tools ၊ Facebook Page အသုံးပြုခြင်းနှင့် Media and Communication စသည့် သင်ခန်းစာများ ပါဝင်မည်ဖြစ်ပါသည်။
