ယုဇနကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ပီလောပီနံကော်မှုန့်၊ အချို ပစ္စည်းနှင့် သကြားထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့ရှိ ယုဇနကုမ္ပဏီလီမိတက်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ကြီးကြပ်ရေးအဖွဲ့သည် ခွင့်ပြုမိန့်ရရှိပြီး နောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် သွားရောက် ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။