
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍ နှင့် ဝန်ဆောင်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဟောင်ကောင်နှင့် ကိုရီးယားနိုင်ငံ တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၈) ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၂)ခု တို့ကို အတည်ပြု ပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၃၉.၇၀၈ သန်းနှင့် မြန်မာကျပ်ငွေ ၄၂၇၀.၀၀ သန်း ဖြစ်ပြီး လုပ်ငန်းစုစုပေါင်း (၂၀)ခုတို့မှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁၀၆၀၃ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။