တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

တနင်္သာရီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း အဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ကော်မတီ အဖွဲ့အဝင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများမှ တင်ပြလာ သည့် အတည်ပြု လျှောက်ထားလွှာများကို ဆွေးနွေးခဲ့ပြီး ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်း(၁)ခုအား ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ်သန်း ၅,၀၀၀ ဖြစ်ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၂၀ နေရာဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။