BEST GARMENT (MYANMAR) CO.,LTD. မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်သည်  Best Garment (Myanmar) Co.,Ltd. မှ ဒါရိုက်တာဖြစ်သူ Mr. Xu, Weiliang  ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်မြို့၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ တွင်လက်ခံတွေ့ဆုံပြီးရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ကြပါသည်။