တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက် သည့်အဖွဲ့၏ စံချိန်စံညွှန်းမီလုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ရေးအတွက် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက် သည့်အဖွဲ့၏ စံချိန်စံညွှန်းမီလုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ရေးအတွက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများဆောင်ရွက်သည့်အဖွဲ့၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများကို ၂၀၂၁ ခုနှစ် မေလတွင် ထုတ်ပြန်နိုင်ရေးအတွက် ၎င်းလုပ်ထုံးလုပ်နည်းများ၏ နောက်ဆုံးမူကြမ်းကို ဆွေးနွေးခဲ့ ကြပါသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အဖွဲ့ဝင် ဌာနများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၉ ဦးခန့် တက်ရောက်ခဲ့ကြပါ သည်။