
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(ပုသိမ်မြို့၊ ဧပြီ ၂၁)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးရုံးခွဲ) သို့ ယနေ့ နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ပြီး၊ ဝန်ထမ်းများနှင့် ရင်းနှီး၊ နွေးထွေးစွာ တွေ့ဆုံ၍ ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ရုံးခွဲ) အဆောက်အဉီအသစ် ဆောက်လုပ်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် ပုသိမ်စက်မှု ဥယျာဉ် တည်ဆောက်ရေး စီမံကိန်း (Pathein Industrial City-PIC) သို့ သွားရောက်ခဲ့ရာ တာဝန်ရှိပုဂ္ဂိုလ်များက စီမံကိန်းနှင့် သက်ဆိုင်သည့် အချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ရှင်းလင်းတင်ပြမှု များအပေါ် ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အရ ကူညီ ပံ့ပိုးပေးသွားမည့် အခြေအနေများကို ပြန်လည်၍ ရှင်းလင်း မှာကြားခဲ့ပါသည်။



