
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

(မကွေး၊ မေ ၂၉ )
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသော မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာအုပ်စုရှိ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဖြစ်သော Paragon Myay Latt Thar Co.,Ltd ၏ တန်ဖိုးမြှင့်နှမ်းများဖြစ်သည့် အခွံချွတ်နှမ်း၊ နှမ်းလှော်စေ့၊ နှမ်းလှော်မှုန့်၊ သန့်စင်ပြီးနှမ်း၊ ရောင်စုံနှမ်း၊ နှမ်းလှော်ဆီမွှေး၊ တန်ဖိုးမြှင့်ပဲများ ဖြစ်သည့် သန့်စင်ပြီးပဲတီစိမ်း၊ သန့်စင်ပြီးမြေပဲထုတ်လုပ်၍ ပြည်ပသို့ ရာနှုန်းပြည့် တင်ပို့ခြင်း လုပ်ငန်းသို့ သွားရောက်ခဲ့ပါသည်။
ထိုသို့ ရောက်ရှိစဉ် ကုမ္ပဏီ၏ ဒါရိုက်တာ ဉီးကောင်းခန့်ဇင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်ပသို့တန်ဖိုးမြှင့်နှမ်းတိုးမြှင့်တင်ပို့နိုင် ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသော မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာအုပ်စုရှိ ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Good Brothers’ Co.,Ltd ၏ နွားသားစပ်မွေးမြူခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းသို့ ရောက်ရှိစဉ် ကုမ္ပဏီ၏ အရောင်းတာဝန်ခံ ဉီးမျိုးမြင့်ထွန်းက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဒေသခံတောင်သူများနှင့်နွားမွေးဖက်ပေးလုပ်ငန်းများချဲ့ထွင်ဆောင်ရွက်နိုင်ရေး၊ အခြားမြို့နယ် များသို့လည်းနွားမွေးမြူရေးတိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေး တို့နှင့် စပ်လျဉ်း၍ ပြောကြားခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးကာ မွေးမြူရေးခြံ အတွင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။

