
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီဉက္ကဋ္ဌ ဉီးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြား ထားသော အရာရှိကြီးများနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ခွင့်ပြုရန် တင်ပြလာခြင်းနှင့် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများက လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
ယခုအစည်းအဝေးမှ အတည်ပြုခွင့်ပြုလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ပဲခူးမြို့နယ်အတွင်း ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၈၅၀ ဦးခန့် ဖန်တီးပေးနိုင်မည်ဖြစ်သဖြင့် ဒေသခံ များ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်လာမည်ဖြစ်သည်။
ယခုအချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်လျက်ရှိပြီး ပဲခူးမြို့နယ်အတွင်းရှိ လူဉီးရေ ၆ သောင်းခန့်အတွက် အလုပ်အကိုင်များ ဖန်တီးပေးလျက်ရှိပါသည်။
