
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများကို ခေါင်းဆောင်မှု စွမ်းရည် မြှင့်တင်နိုင်ရန်၊ ဌာနတွင်းစီမံအုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်စေရန်နှင့် နိုင်ငံ့ဝန်ထမ်း ဉပဒေ၊ နည်းဉပဒေ များ ပိုမိုကျွမ်းကျင်စွာ ကျင့်သုံးနိုင်ရန် ရည်ရွယ်၍ ရက်သတ္တပတ် ၁ ပတ်ကြာ ဖွင့်လှစ်မည့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (ကာလတို) ဖွင့်ပွဲအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌၂၀၂၁ခုနှစ်၊ မေလ ၁၇ ရက် နေ့လည် ၁ နာရီတွင် ကျင်းပ ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများ၊ သင်တန်းသား/သူ(၃၅)ဦး အပါအဝင် စုစုပေါင်း ဝန်ထမ်း ၄၈ ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
