
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနသို့ တာဝန်ကူးပြောင်းလာသော ဝန်ထမ်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် စပ်လျဉ်းသော ဥပဒေနှင့်နည်းဥပဒေများ၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်လိုက်နာစေရန်နှင့် လက်တွေ့ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ် များအား အကျွမ်းတဝင်သိရှိစေရန် ရည်ရွယ်၍ ရက်သတ္တပတ်၂ပတ်ကြာ ဖွင့်လှစ်မည့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၉) ဖွင့်ပွဲအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက် နံနက် ၉ ၃၀ နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သူ(၆)ဦး အပါအဝင် စုစုပေါင်း ဝန်ထမ်း ၃၅ ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
