
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်း အဝေး၏ ဒုတိယနေ့ လုပ်ငန်းလေ့လာရေးခရီးစဉ်အဖြစ် ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးဆောင် သောအဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်း လုပ်ငန်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပါသည်။ လေ့လာရေးအဖွဲ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးဦးစီးမှူးများလည်း ပါဝင်ခဲ့ကြပါသည်။
