
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အတွင်း MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား ရှင်းလင်းခြင်း၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဌာန၏ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းခြင်း၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခေတ္တ ပြည်နယ်ဦးစီးမှူးက အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ်များအားလုံးက MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ကြုံရသည့် အခက်အခဲများ၊ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။



