
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၂) ကြိမ်မြောက် အစည်း အဝေး ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ကော်မတီအဖွဲ့ဝင်များ တက် ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စက်မှုကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅) ခုကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် CMP စနစ်ဖြင့် အဝတ်အထည် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် Carton Box များ ထုတ်လုပ်၍ ပြည်တွင်းရှိ CMP လုပ်ငန်းများသို့ ရောင်းချခြင်း လုပ်ငန်းများပါဝင်ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၇.၂၆၀ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅,၅၁၄ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် ကုမ္ပဏီ (၃၀) ခု ၏ အထွေထွေတင်ပြချက် များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ ကြပါသည်။