“ Hong Pang Electronic Industry Co.,Ltd. နှင့် Hong Pang Textile Co.,Ltd. တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း ”

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ပတ္တမြားကျေးရွာအုပ်စု၊ စစ်ကိုင်းမြို့နယ်တွင် လျှပ်စစ်ဝါယာကြိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဟုန်ပန်း အီလက်ထရွန်းနစ် အင်ဒတ်စထရီ ကုမ္ပဏီလီမိတက် နှင့် ပတ္တမြားစက်မှုဇုံ၊ စစ်ကိုင်းမြို့နယ်တွင် ချည်မျှင်ထုတ်လုပ်ခြင်းနှင့် ချည်မှ ပိတ်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဟုန်ပန်း ချည်မျှင်နှင့် အထည် ကုမ္ပဏီလီမိတက်တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။