
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို ဦးဆောင်သော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်း ဆောင်ရွက် လျှက်ရှိသော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ အောက်ကျောက်ဝပ် ကျေးရွာရှိ Dawei Unity Co.,Ltd ၏ နေရောင်ခြည်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံနှင့် ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ Dawei Development Public Co.,Ltd ၏ တည်ဆောက်ရေးကာလအတွင်း ဟိုတယ်တည်ဆောက်မှု အခြေအနေ တို့အား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

