
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အတည်ပြုချက်အပေါ် ဆွေးနွေး စိစစ်မှုပြုနိုင်ရန်အတွက် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ခုနှစ် ဧပြီလ ၂၇ရက်နေ့တွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်အပါအဝင် အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်အတွင်း ရှိရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် COVID -19 Fundမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ (ကရင်ပြည်နယ်)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
