မာန်အောင်ရတနာကုမ္ပဏီလီမိတက်နှင့် မာန်အောင်အများပိုင်ကုမ္ပဏီလီမိတက်တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် မာန်အောင်ရတနာကုမ္ပဏီလီမိတက်၏ အော်ဂဲနစ် အုန်းသီးအခြေပြု အုန်းဆီသန့်၊ စားသောက်ကုန်နှင့် အခြားလူသုံးကုန်ပစ္စည်းများ ပေါင်းစပ်ထုတ်လုပ်မှုလုပ်ငန်းနှင့် မာန်အောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် သွားရောက် စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။