
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် ဦးအောင်သန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့်ကိစ္စရပ်များကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြပါသည်။