
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်များဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက် နေသည့် လုပ်ငန်းနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိုက်ပျိုးသီးနှံအမျိုးမျိုး ကြိတ်ခွဲထုတ်လုပ် သည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းတို့အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် Virtual စနစ်ဖြင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
