
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၂၂ ၊ စက်တင်ဘာ (၁၉)ရက် ၊ ရန်ကုန်
စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များဖန်တီးပေးရေးအတွက် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးတို့အတွက် CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
တွေ့ဆုံပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က CMP ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများ လွယ်ကူချောမွေ့စွာ လည်ပတ် ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့် ကိစ္စရပ်များ၊ CMP စီးပွားရေး လုပ်ငန်းစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ပြောကြားပြီး တက်ရောက်လာသူများနှင့် အပြန် အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှ ကိုယ်စားလှယ်များနှင့် နိုင်ငံခြားသား CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူများ တက်ရောက်ကြကြောင်း သိရသည်။