
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ အတည်ပြုမိန့် ပြင်ဆင်ခွင့် တင်ပြလာခြင်းအပေါ် ဆွေးနွေး အတည်ပြုပေးခဲ့ပါသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁.၀၀ သန်းကို ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံ သားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၁၃ ခု ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၆.၉၀၄ သန်း အပါအဝင် ကျပ်သန်း ၃၁၆၂၀.၇၅ ကို ခွင့်ပြုပေးထားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင်ခွင့်အလမ်းပေါင်း ၉၉၄ ဦး ဖန်တီးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
