
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြု မိန့်ဖြင့် ရေထွက်ပစ္စည်းများအား ပြုပြင်ခြင်း၊ အေးခဲခြင်းနှင့် ထုပ်ပိုးရောင်းချခြင်းဆောင်ရွက်လျက် ရှိသည့် လုပ်ငန်း၏ တည်ဆောက်ရေးကာလသက်တမ်းတိုးခွင့် ပြုပါရန် တင်ပြလာခြင်းနှင့် အသားငါး စည်သွပ်ဘူး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း၏ မြေနေရာနှင့် လုပ်ငန်းအမျိုးအစား တိုးချဲ့ ဆောင်ရွက်ခွင့် ပြုပါရန်တင်ပြလာခြင်းတို့အပေါ် ခွင့်ပြုပေးခဲ့ပါသည်။
