
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍ တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ဖွဲနုများကို တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်၊ အိတ်၊ ဖိနပ် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ အသင့်စား စားသောက်ကုန် ကြာဇံခြောက် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ပြည်တွင်းမှ ငါးနှင့်ပုဇွန်မျိုးစုံကို တန်ဖိုးမြှင့် ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာကျပ်ငွေ ၃၃၀၉.၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၃.၈၁၅ သန်း ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း ၁၀ ခုတို့မှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၇၀၁၃ နေရာ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အစည်း အဝေးတွင် ကုမ္ပဏီ ၁၂ ခု၏ အထွေထွေကိစ္စရပ်တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ် ခဲ့ကြပါသည်။