
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် CMP စနစ်သုံးအထည်ချုပ် လုပ်ငန်းသို့လည်းကောင်း ကရင်ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောက်လုပ်ရေးနှင့် ဘက်စုံလုပ်ငန်းသုံး အဆင့်မြင့် ဂျစ်ပဆင်ကျောက်မှုန့် ကြိတ်ခွဲသန့်စင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်းသို့လည်းကောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် သွားရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
