
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဦးဆောင်၍ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများပါဝင်သော အဖွဲ့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် လှည်းကူးမြို့နယ်အတွင်း မွေးမြူရေး အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းသို့ လည်းကောင်း၊ လှိုင်သာယာမြို့နယ်အတွင်း CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပလတ်စတစ် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ လည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ကြီးကြပ်ရေးအဖွဲ့သည် စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံ ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။
