
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏အစီအစဉ်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Invest Myanmar Summit 2019 ဒုတိယနေ့ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။
ဒုတိယနေ့ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရနှင့် ဝန်ကြီးဌာနအသစ်၏ မူဝါဒများကို ဆွေးနွေးသည့်စကားဝိုင်းနှင့် စတင်ခဲ့ပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးအောင်နိုင်ဦးမှ “The reforms, outcome and the update of investment environment for Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်မှ “National Project Bank Explained” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်းမှ “Myanmar 2.0 – Private Sector, the Engine of Economic Growth and Job Creation” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ယင်းနောက် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များမှ “Private Sector Perspective- Attracting Foreign Investment to Myanmar” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေး ပြောကြားခြင်းများနှင့် “Project Discussion Sessions” များကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

