INTERNATIONAL FINANCE CORPORATION (IFC) မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် International Finance Cooperation (IFC) မှ Private Sector Specialist ဖြစ်သူ ဦးသစ္စာ နှင့်အဖွဲ့  အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၌ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများဖြစ်ပွားခြင်းမှ ကာကွယ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြဿနာရပ်များအား စီမံခန့်ခွဲနိုင်ရန်အတွက် နစ်နာမှုဖြေရှင်းသည့် နည်းလမ်းတစ်ရပ်ရေးဆွဲရန် နှစ်ဖက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။