
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ဒက္ခိဏသီရိမြို့နယ်အတွင်း၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ခွင့်ပြုထားသောလုပ်ငန်းများဖြစ်သည့် Data Center နှင့် ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများ၊ ကွန်ရက်အထောက်အကူပြု တာဝါတိုင်တည်ဆောက်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း၊ Satellite Teleport တည်ဆောက်လုပ်ဆောင်ခြင်းနှင့် ယင်းနှင့်ဆက်စပ် သည့်ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူနေအိမ်ခန်း အဆောက်အအုံ တည်ဆောက်၍ နှစ်တိုနှစ်ရှည် ငှားရမ်းခြင်းလုပ်ငန်းများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများအား စီစဉ်ပေးခဲ့ပါသည်။
