
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသဘောတရားများနှင့် Survey Form ဖြည့်နည်း တို့ကို နားလည် သဘောပေါက်စေရန်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ စတင်ကျင်းပခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီမံကိန်းနှင့်စာရင်းအင်း ဌာနခွဲမှ ဘာသာရပ်ကျွမ်းကျင်သူများနှင့် ပြင်ပ Outsourcing မှ Financial & Accounting ကုမ္ပဏီ၏ ကျွမ်းကျင်ပညာရှင်တို့က FDI Concept ၊ Definition ၊ Methodologies နှင့် Survey Questionnaire Form ဖြည့်သွင်းနည်းများကို ဆွေးနွေးပို့ချခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၂)ရက် ကြာ ကျင်းပ မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီပေါင်း (၈၀)ခု မှ အထွေထွေမန်နေဂျာများ၊ Financial Controller များ၊ Chief Accountants များနှင့် Accountants များ ပါဝင်သည့် ကိုယ်စားလှယ် (၁၅၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ယခင်ရှင်းလင်းတင်ပြပေးခဲ့သည့် ကုမ္ပဏီများမပါ ကုမ္ပဏီပေါင်း (၈၀) ခု ဘဏ္ဍာရေးကျွမ်းကျင်သူပေါင်း (၁၅၀) ကျော် တက်ရောက်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အဖြစ် ယခု တက်ရောက်သော ကုမ္ပဏီများနှင့် ယခင် Survey များတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကုမ္ပဏီပေါင်း (၂၅၀) ခုသို့ Survey များ ကောက်ယူမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက် FDI Actual Data ထုတ်ပြန် နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
